Politics
CNF ဌာနချုပ်ကို စစ်ကောင်စီ ဒုတိယအကြိမ်ဗုံးကြဲ ဆေးပေးခန်းအပါအဝင် များစွာ ပျက်စီး
လွန်ခဲ့သော ၃ နှစ် က
ဇန်နဝါရီ ၁၁
ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်တည်ရှိရာ camp victoria ကို စစ်ကောင်စီတပ်များက ယနေ့တွင် ဒုတိယအကြိမ်မြောက်ထပ်မံဗုံးကြဲချကြောင်း chinland information center မှ သိရသည်။
ယနေ့ ညနေ ၄ နာရီ ၅၀ မိနစ်တွင် စစ်ကောင်စီက တိုက်လေယာဥ်သုံးစီးဖြင့်ဗုံးကြဲချသဖြင့် ဆေးပေးခန်း အပါအဝင် လူနေအိမ်အချို့ ပျက်စီးသွားကြောင်း သိရသည်။
အဆိုပါ ဆေးပေးခန်းသည် အနီးပတ်ဝန်းကျင်ရှိ ရွာများမှ လူနာများကိုလက်ခံကုပေးနေခြင်းဖြစ်ပြီး ယင်း၏ ပြင်ပလူနာဆောင်ပျက်စီးသွားခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နေ့က စစ်ကောင်စီ၏လေကြောင်းမှ ဗုံးကြဲချမှုကြောင့် ချင်းအမျိုးသားတပ်ဦးမှ အမျိုးသမီး ရဲဘော် သုံးဦးနှင့် အမျိုးသားရဲဘော် နှစ်ဦးကျဆုံးခဲ့သည်။
ချင်းအမျိုးသားတပ်ဦး
လေကြောင်းတိုက်ခိုက်မှု
စစ်တပ်
Top News
Articles
Share With