International
ထောင်ကျနေသည့် အီရန်အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ နိုဘယ် ငြိမ်းချမ်းရေးဆုရ
လွန်ခဲ့သော ၂ နှစ် က
ထောင်ဒဏ်ကျခံနေရသည့် အီရန်နိုင်ငံမှ ဖိနှိပ်ခံ အမျိုးသမီးများအရေး လှုပ်ရှားသူ Narges Mohammadi ကို နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်ကြောင်း သောကြာနေ့တွင် ကြေငြာ လိုက်သည်။
“ဒီဆုဟာ အီရန်နိုင်ငံရဲ့ လှုပ်ရှားမှုတစ်ခုလုံးနဲ့ ဒီလှုပ်ရှားမှုရဲ့ အငြင်းပွားဖွယ်မရှိတဲ့ ခေါင်းဆောင် Nargis Mohammadi ရဲ့ အရေးပါမှုကို ပထမဆုံး ကနဦး အသိအမှတ်ပြုတာ ဖြစ်ပါတယ်။” ဟု အော်စလိုမြို့တွင် ဆုကြေငြာခဲ့သည့် နော်ဝေ နိုဘယ်ကော်မတီဥက္ကဌ Berit Reiss-Anderson က ပြောကြားသည်။
"ဆုရဲ့ သက်ရောက်မှုက နိုဘယ်ကော်မတီက ဆုံးဖြတ်ရမယ့်အရာ မဟုတ်ပါဘူး။ ဒီလှုပ်ရှားမှုပုံစံနဲ့ သင့်လျော်မှုရှိတဲ့ အလုပ်တွေ ဆက်လုပ်ဖို့ အားပေးမှုတစ်ခုဖြစ်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။”
၂၀၁၉ ခုနှစ် အကြမ်းဖက်မှု ဒဏ်ခံခဲ့ရသူတစ်ဦး၏ အောက်မေ့ဖွယ်အခမ်းအနားကို Mohammadi တက်ရောက်အပြီး အာဏာပိုင်များက နိုဝင်ဘာလတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ Mohammadi သည် ထောင်ဒဏ် ၁၃ ကြိမ် ကျခံခဲ့ရပြီး ဖြစ်ကြောင်း Reiss-Andersen က ပြောကြားသည်။ စုစုပေါင်း ထောင်ဒဏ် ၃၁ နှစ် ချမှတ်ခံထားရသည်။
သူမသည် နိုဘယ်ငြိမ်းချမ်းရေးဆုရရှိသည့် ၁၉ ဦး မြောက် အမျိုးသမီးဖြစ်ပြီး ၂၀၀၃ ခုနှစ်က လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ Shirin Ebadi နောက်ပိုင်း ဒုတိယမြောက် ဆုရရှိသည့် အီရန်အမျိုးသမီး လည်း ဖြစ်သည်။
သူမသည် နိုဘယ်ငြိမ်းချမ်းရေးဆုရရှိသည့် ၁၉ ဦးမြောက် အမျိုးသမီးဖြစ်ပြီး ၂၀၀၃ ခုနှစ်က လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ Shirin Ebadi နောက်ပိုင်း ဒုတိယမြောက် ဆုရရှိသည့် အီရန်အမျိုးသမီးလည်း ဖြစ်သည်။
အသက် ၂၂ နှစ် အရွယ်ရှိ Mahsa Amini ကို အီရန် ကိုယ်ကျင့်စာရိတ္တထိန်းသိမ်းရေး ရဲများက ဖမ်းဆီးခံရပြီး သေဆုံးခဲ့မှုကို ဆန့်ကျင်သည့် မကြာသေးမီက နိုင်ငံအဝှမ်းဆန္ဒပြပွဲများအတွ
သို့သော် ထောင်တွင်းမှပင် Mohammadi သည် The New York Times အတွက် အတွေးအမြင်ဆောင်းပါးတစ်စောင် ရေးသားပေးခဲ့သည်။
“အစိုးရ နားမလည်တာက ကျွန်မတို့ကို ဖမ်းဆီးထားလေ ကျွန်မတို့ ပိုသန်မာလာလေ ဆိုတာပဲ။” ဟု သူမက ရေးသားခဲ့သည်။
အီရန်နိုင်ငံပိုင်တီဗီနှင့် အခြားအစိုးရထိန်းချုပ်ထားသော မီဒီယာများမှ တုံ့ပြန်မှု ချက်ချင်း မတွေ့ရသေးပါ။ အချို့ အစိုးရတစ်ပိုင်း အေဂျင်စီများကမူ နိုင်ငံခြားသတင်းများကို ကိုးကား၍ Mohammadi ဆုရရှိကြောင်း အွန်လိုင်းသတင်းပေးပို့မှုများ
ထောင်ကျမခံရမီ Mohammadi သည် ပိတ်ပင်ခံထားရသည့် အီရန်မှ လူ့အခွင့်အရေး ခုခံကာကွယ်သူများစင်တာတွင် ဒုတိယအကြီးအကဲဖြစ်သည်။ သူမသည် စင်တာတည်ထောင်သူ Ebadi နှင့်လည်း ရင်းနှီးခင်မင်သူဖြစ်သည်။
၂၀၁၈ ခုနှစ်တွင် အင်ဂျင်နီယာ Mohammadi သည် Andrei Sakharov ဆု ရရှိခဲ့သည်။
နိုဘယ်ဆုများ၏ ဆုကြေးငွေမှာ ဆွီဒင်ခရိုနာ ၁၁ သန်း (အမေရိကန်ဒေါ်လာ ၁ သန်းခန့်) ရှိသည်။ ဆုရရှိသူများသည် ၁၈ ကာရက် ရွှေတံဆိပ်တစ်ခုနှင့် ဒီပလိုမာ တစ်ခုကိုလည်း ဒီဇင်ဘာလ ဆုပေးပွဲတွင် လက်ခံရရှိကြမည်ဖြစ်သည်။
ဂုဏ်သတင်းကြီးသော ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်အာ
ရုရှားသမ္မတ ပူတင်၊ ဘယ်လာရုစ်သမ္မတအပါအဝင် ပူတင်၏ မဟာမိတ်များကို ပြစ်တင် ဝေဖန်ခဲ့သည့် ယူကရိန်း၊ ဘယ်လာရုစ်နှင့် ရုရှားနိုင်ငံတို့မှ လူ့အခွင့်အရေးလှုပ်ရှားသူများက ယခင်နှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့ကြသည်။
အခြားသော ယခင်ဆုရရှိခဲ့သူများမှာ နယ်လဆင်မင်ဒဲလား၊ ဘားရတ် အိုဘာမား၊ မစ်ခေး ဂိုဘာချော့၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂတို့ ဖြစ်သည်။
စတော့ဟုမ်းတွင် ရွေးချယ် ကြေငြာသည့် အခြား နိုဘယ်ဆုအမျိုးအစားများနှင့် မတူညီဘဲ တည်ထောင်သူ Alfred Nobel က ငြိမ်းချမ်းရေးနိုဘယ်ဆုကို နော်ဝေကော်မတီဝင် ငါးဦးမှ အော်စလိုမြို့တွင် ဆုံးဖြတ်၊ ဆုပေးရန် ချမှတ်ခဲ့သည်။ လွတ်လပ်သည့် ဆုရွေးချယ်ရေးအဖွဲ့ကို နော်ဝေလွှတ်တော်မှ ခန့်အပ်ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးဆုသည် ယခုနှစ်အတွက် ငါးခုမြောက် ဆုအဖြစ် ကြေငြာခြင်းဖြစ်သည်။ လွန်ခဲ့သည့် တစ်ရက်က နိုဘယ်ကော်မတီသည် နော်ဝေလူမျိုး စာရေးဆရာ Jon Fossee ကို စာပေဆိုင်ရာ နိုဘယ်ဆု ချီးမြှင့်ခဲ့သည်။ ဗုဒ္ဓဟူးနေ့က ဓာတုဗေဒဆုကို အမေရိကန် သိပ္ပံပညာရှင် Moungi Bawendi၊ Louis Brus၊ Alexi Ekimov တို့ကို ချီးမြှင့်ခဲ့သည်။
ရူပဗေဒဆုအတွက် ပြင်သစ်-ဆွီဒင် ရူပဗေဒပညာရှင် Anne L’Huillier၊ ပြင်သစ် သိပ္ပံပညာရှင် Pierre Agostini နှင့် ဟန်ဂေရီဖွား Ferenc Krausz တို့ကို ချီးမြှင့်ခဲ့သည်။ ဟန်ဂေရီ-အမေရိကန် Katalin Karikó နှင့် အမေရိကန်လူမျိုး Drew Weissman တို့သည် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို တနင်္လာနေ့က ချီးမြှင့်ခံခဲ့ရသည်။
နိုဘယ်ဆုကြေငြာမှု အစီအစဉ်ကို နောက်တစ်ပတ်တွင် စီးပွားရေးဆိုင်ရာ နိုဘယ်ဆု ကြေငြာပြီးလျှင် ပြီးဆုံးမည်ဖြစ်သည်။ ၎င်းဆုမှာ ယခင်က Alfred Nobel အောက်မေ့ဖွယ် စီးပွားရေးသိပ္ပံဆိုင်ရာ ဆွီဒင်နိုင်ငံဘဏ်၏ ဆု အဖြစ် သိရှိကြသည်။
ကိုးကား - AP
ပုံစာ - ဂျွန်လ ၉ ရက် ၂၀၀၈ ခုနှစ် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ ကုလသမဂ္ဂ ရုံးချုပ်တွင် အီရန်မှ လူ့အခွင့်အရေးအခြေအနေအကဲဖြတ်ချ