Politics
မန်းတွင်ရွေးကောက်ပွဲကိစ္စ အစည်းအဝေး ပြုလုပ်နေကြစဉ် ဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း ပကဖ ထုတ်ပြန်
လွန်ခဲ့သော ၃ နှစ် က
မန္တလေး ၊ ဇန်နဝါရီ - ၁၂
မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်တွင် စစ်ကောင်စီက ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အစည်းအဝေး လုပ်နေချိန် ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေး ပျောက်ကြားအဖွဲ့ Special Task Force STF -MDY အဖွဲ့က ရုပ်သံနှင့်တကွ သတင်းထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၁၂ ရက်နေ့ နေ့ခင်း ၂ နာရီခန့်က ချမ်းမြသာစည်မြို့နယ် ၊ ကျွန်းလုံးဥသျှောင်ရပ်ကွက် ၈၄ လမ်း ၊ ဦးပွား ဂုံးကျော်အဆင်းလမ်း ( ဗိုလ်အိမ်လမ်း) ထောင့်ရှိ ဝသုန္ဒြေဓမ္မာရုံအတွင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အစည်းအဝေးပွဲ ကို ဗုံးဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုထားသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီအဖွဲ့ဝင် တစ်ဦး၏ အရပ်ကားတစ်စီး ပျက်စီးသွားပြီး စစ်အုပ်စုဖက်က သေနတ် ၆ ချက်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဆိုထားသည်။
ယမန်နေ့ ညနေပိုင်းကလည်း ဒေသကာကွယ်ရေး ပျောက်ကြားအဖွဲ့ ဖြစ်သည့် No More Dictatorship People Defence Force – NMDက စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်သည့် နေရာ ၅ ခုကို သတိပေး ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြောင်း ဆိုထားသည်။
မန်းလေးတွင် စစ်တပ်နှင့်ပူးပေါင်းအဖွဲ့က ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက်သည့် ကိစ္စများကို မြို့ပေါ်ရပ်ကွက် တချို့တွင် လုံခြုံရေးအပြည့်ဖြင့် ဆောင်ရွက်နေကြောင်း ဒေသခံများက ပြောသည်။
Photo - credit
Burma Associated Press