International
စစ်တပ် အသရေဖျက်သူများကို ထောင် ၁၅ နှစ်ထိ ချနိုင်မည့် ဥပဒေပြင်ဆင်ချက် ရုရှားလွှတ်တော် ဆွေးနွေးမည်
လွန်ခဲ့သော ၂ နှစ် က
မော်စကို - မတ် ၂
ရုရှားလွှတ်တော်အမတ်များသည် နိုင်ငံအတွင်းဆင်ဆာဥပဒေကို ဆက်လက်တင်းကြပ်ပြီး Wagner Group ကဲ့သို့ ပူတင်အစိုးရအားပေး ကြေးစားအဖွဲ့များကို အသရေဖျက်ပြောဆိုရေးသားသူများကို ထောင်ဒဏ် ၁၅ နှစ်ထိ ချမှတ်နိုင်မည့် ဥပဒေပြင်ဆင်ချက်အား ဆွေးနွေရန်ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ကြေးစားတပ် Wagner Group ခေါင်းဆောင် ယက်ဗ်ဂန်နီ ပရီဂိုဇင် (Yevgeny Prigozhin) က ၎င်းတို့၏ တိုက်ခိုက်ရေးသမားများကို အသရေဖျက်ပြောဆိုနေသည့် ဘလော့ဂါ၊ ဆိုရှယ်မီဒီယာ ချန်နယ်များရှိနေပြီး လက်ရှိ ရုရှားတည်ဆဲဥပဒေအရ အရေးယူရန် မဖြစ်နိုင်ကြောင်း ညည်းတွား ခဲ့သည်။
ရုရှားအောက်လွှတ်တော်ဥက္ကဌ ဗီယက်ချက်ဆလာ့ဗ် ဗော်လိုဒင် (Vyacheslav Volodin) က ယနေ့ တင်သွင်း ထားသည့် ရာဇဝတ်ကျင့်ထုံးဥပဒေပြင်ဆင်ချက်များအရ တပ်ဖွဲ့များနှင့်ပတ်သက်၍ တမင် တကာ သတင်မှား ရေး သားဖြန့်ဝေပါက အပြစ်ပေးခံရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
"ဒီအစီအမံဟာ ဒီကနေ့ နိုင်ငံနဲ့ လူမျိုး လုံခြုံရေးအတွက် အသက်စွန့်ကာကွယ်နေသူတိုင်းကို ကာကွယ် ပေးမှာပါ။ ချိုးဖောက်သူတွေကတော့ ပြင်းထန်တဲ့ အပြစ်ပေးမှုနဲ့ ရင်ဆိုင်ရပါလိမ့်မယ်" ဟု ဗော်လိုဒင်က သတိပေးခဲ့သည်။
ရုရှားစစ်တပ်ကို ပုတ်ခတ်ပြောဆိုပါက ပြစ်ဒဏ်အားဖြင့် ရူဘယ် ၅ သန်း (ကန်ဒေါ်လာ ၆၆၆၀၀) အထိ၊ အလုပ် ကြမ်း ၅ နှစ် သို့မဟုတ် ထောင်ဒဏ် ၁၅ နှစ်ထိ ချမှတ်ခံရဖွယ်ရှိကြောင်း သိရသည်။
ယူကရိန်းသို့ သောင်းနှင့်ချီသော တပ်ဖွဲ့ဝင်များစေလွှတ်ပြီးမကြာမီ ရုရှားပါလီမန်သည် ၎င်းတို့၏ တပ်ဖွဲ့များနှင့် ပတ်သက်၍ တမင်တကာ သတင်းမှားဖြန့်ခြင်း သို့မဟုတ် အသရေဖျက် ရေးသားပြောဆိုခြင်း အတွက် ကြီးမားသော ထောင်ဒဏ် ငွေဒဏ်များကို စတင်ချမှတ်ခဲ့သည်။
လက်ရှိတွင် ရုရှားအစိုးရရှေ့နေများက ၎င်းတို့၏တပ်ဖွဲ့များကို သိက္ခာချရေးသားပြောဆိုမှုအတွက် လူပေါင်း ၅၈၀၀ ကျော် အမှုဖွင့်ထားကြောင်း လူ့အခွင့်အရေးအဖွဲ့ OVD-Info က ပြောကြားထားသည်။ ထို့အပြင် ရုရှားအာ ဏာပိုင်များသည် ပူတင်အစိုးရကို ဝေဖန်သူများအား ထောင်ဒဏ်နှစ်ရှည် ချမှတ်နိုင်သည့် ဥပဒေများကို အသုံးချ၍ တရားစွဲဆိုထားမှုများလည်းရှိသည်။
Source – The Bangkok Post
ပုံစာ။ ခရိုင်းမီးယားဒေသ ရုရှားကျူးကျော်စစ်ထောက်ခံရေးဆိုင်းဘုတ်ရှေ့ ဖြတ်လျှောက်နေသည့် အမျိုးသမီး တစ်ဦး။
Top News
လွန်ခဲ့သော ၂ ရက် က