Data
NLD ပါတဲ့ ရွေးကောက်ပွဲနဲ့ မပါတဲ့ ရွေးကောက်ပွဲ ကြံ့ခိုင်ရေး ဘယ်လိုအဖြေထွက်ခဲ့လဲ
လွန်ခဲ့သော ၂ နာရီ က
BAP၊ ဩဂုတ် ၂၁။
စစ်အုပ်စုက လာမဲ့ ဒီဇင်ဘာ ၂၈ မှာ ရွေးကောက်ပွဲ စတင်ကျင်းပဖို့ရှိနေပါတယ်။
အဲဒီရွေးကောက်ပွဲအတွက် ရည်ရွယ်ပြီး မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီပေါင်းက ယနေ့အထိ ပါတီ ၆၀ ရှိနေပါတယ်။
စစ်အုပ်စုထံမှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေထဲမှာမှ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ- USDP ဟာ စစ်တပ်ရဲ့ ကျောထောက်နောက်ခံပြုမှုကြောင့် အားကောင်းတဲ့ ပါတီတခုဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုချိန်ကစလို့ ၂၀၁၀၊ ၂၀၁၅နဲ့ ၂၀၂၀ ခုနှစ် တို့မှာ အထွေထွေရွေးကောက်ပွဲ ၃ ကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါတယ်။
ရွေးကောက်ပွဲ ၃ ကြိမ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ - NLD မပါတဲ့ ရွေးကောက်ပွဲက လွဲရင် ကြံ့ခိုင်ရေးပါတီက ကျန် ၂ ကြိမ်မှာ အနိုင်မရခဲ့ပါဘူး။
အခု ၂၀၂၅ ဒီဇင်ဘာမှာ စစ်အုပ်စုက ပြုလုပ်မဲ့ရွေးကောက်ပွဲမှာလည်း NLD က ပါဝင်ယှဉ်ပြိုင်ဖို့မရှိပါဘူး။
အထွေထွေရွေးကောက်တွေမှာ NLD မပါတဲ့ ရလဒ်နဲ့ ပါတဲ့ ရလဒ်တွေကို BAP က ဖော်ပြလိုက်ပါတယ်။
Top News
လွန်ခဲ့သော ၂ ရက် က