bap-logo
International

နိုင်ငံခြား ခရီးသွားများကို ခရစ်ပတိုမှ ထိုင်းဘတ်ငွေသို့ ပြောင်းလဲခွင့်ပြုမည်

qldaT3q84smm_UbydyNpU-image

လွန်ခဲ့သော ၄ နာရီ က

 

BAP၊ ဘာသာပြန်။

 

ခရီးသွားလုပ်ငန်း အမှီပြု ထိုင်းနိုင်ငံက နိုင်ငံခြားသားဧည့်သည်များကို ဒစ်ဂျစ်တယ် ငွေကြေး အရင်းအနှီးများနှင့် ဘတ်ငွေ လဲလှယ်ခွင့်ပြုမည်ဖြစ်သည်။

 

နိုင်ငံခြားသားဧည့်သည်များထိုင်းနိုင်ငံတွင်း နေထိုင်စဉ် ခရီးသွားကုန်ကျစားရိတ်များနှင့် အသုံးစား ရိတ်များအတွက် ငွေကြေးလဲလှယ်နိုင်ရန် ကန့်သတ်မှုများကို ဖြေလျော့ပေးသွားမည် ဖြစ်သည်။

 

နိုင်ငံခြားသားများ လွယ်ကူအဆင်ပြေစွာ ငွေပေးချေစေနိုင်ရန် ကူညီပေးကာ ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို လှုပ်ရှားလာစေရန် တီထွင်ဆန်းသစ်မှုနှင့် ဒစ်ဂျစ်တယ် ငွေကြေးအရင်းအနှီးများ သုံးစွဲမှုကို မြှင့်တင်လိုသည်ဟု ဘဏ္ဍာရေးဝန်ကြီး Pichai Chunhavajira က တနင်္လာနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

 

TouristDigipay ဟု ခေါ်ဆိုသည့် အစီအစဉ်ကို စမ်းသပ်ကာလ ၁၈ လ အတွင်း သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း ထိန်းသိမ်း စမ်းသပ်နေရာများတွင် ယခုနှစ် နောက်ဆုံး သုံးလပတ်အတွင်း စတင်သွားမည်ဟုလည်း ၎င်းက ပြောသည်။

 

ဒစ်ဂျစ်တယ် ငွေကြေးအရင်းအနှီးများကို ကုန်စည်နှင့် ဝန်ဆောင်မှုများအတွက် ငွေပေးချေမှုအဖြစ် တိုက်ရိုက်အသုံးပြုနိုင်မည်မဟုတ်ဘဲ ဘတ်ငွေလဲလှယ်ရန်အတွက်သာ အသုံးပြုရမည်ဖြစ်ပြီး ကုန်သည်များက ဘတ်ငွေကိုသာ ငွေပေးချေမှုအဖြစ် လက်ခံရရှိမည်ဟု အရာရှိများက ဆိုသည်။

 

နိုင်ငံခြားသား ခရီးသွားတွေ သူတို့ ထိုင်းနိုင်ငံမှာ နေထိုင်စဉ်မှာ အဆင်ပြေချောမွေ့စေမယ့် လုပ်ဆောင်မှုတိုင်းကို လုပ်ပေးလိုပါတယ်။” ဟု Pichai က ပြောသည်။ “ဒီအစီအစဉ်က ဒီနိုင်ငံမှာ နိုင်ငံခြားသားဧည့်သည်တွေရဲ့ ငွေသားနဲ့ အကြွေးဝယ်ကဒ် အသုံးပြုမှုကို အစားထိုးမယ့် တီထွင်ဆန်းသစ်မှုတစ်ခု ထပ်ပေါင်းထည့်လိုက်တာပါ။”

 

အရှေ့တောင်အာရှ၏ တတိယ စီးပွားရေးအကြီးဆုံးနိုင်ငံဖြစ်သော ထိုင်းနိုင်ငံသည် လုံခြုံရေး စိုးရိမ်မှုများကြောင့် တရုတ်ခရီးသွား‌အရေအတွက် ကျဆင်းလာ၍ အခြားနိုင်ငံများမှ နိုင်ငံတကာ ခရီးသွားများကို စွဲဆောင်ရန် ကြိုးပမ်းနေသည်။

 

ထိုင်း-မြန်မာနယ်စပ်အနီး တရုတ်သရုပ်ဆောင် Wang Xing ပြန်ပေးဆွဲခံလိုက်ရသည့်နောက်ပိုင်း ပထမနှစ်ဝက်အတွင်း ကျဆင်းသွားသည့် တရုတ်ခရီးသွား အရေအတွက် ၃၃ ရာခိုင်နှုန်း ကို ပြန်လည်ဖြည့်ဆည်းကာမိစေရန်အတွက် အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံများမှ ခရီးသွားများဝင်ရောက်မှုကို မြှင့်တင်နိုင်ရန် အစိုးရက မျှော်လင့်နေသည်။

 

ဒစ်ဂျစ်တယ် ငွေကြေးအရင်းအနှီးများကို ကုန်စည်နှင့် ဝန်ဆောင်မှုများအတွက် ဘတ်ငွေအဖြစ် ပြောင်းလဲလိုသူ နိုင်ငံခြားခရီးသွားများသည် လိုင်စင်ရ ဒစ်ဂျစ်တယ် ငွေကြေးအရင်းအနှီးလုပ်ငန်းများ၊ e-money ဝန်ဆောင်မှုပေးသူများမှတဆင့် လွှဲပြောင်းလဲလှယ်ရမည်ဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထိုမှတဆင့် QR ကုဒ်ပေးချေမှုအတွက် e-wallet တစ်ခုတွင်းသို့ ငွေ‌ကြေးထည့်သွင်းပေးမည်ဖြစ်သည်။ ၎င်းမှာ ငွေကြေးလဲလှယ်ရေးဝန်ဆောင်မှုတစ်ခုဖြစ်ပြီး တိုက်ရိုက် ခရစ်ပတို ပေးချေမှု တစ်ခုမဟုတ်ပေ။ လစဉ်သုံးစွဲနိုင်မှု အကန့်အသတ်(ဘတ် ၅၀၀ ၀၀၀)နှင့် “ဆက်သွယ်ဆောင်ရွက်သူများအား ကောင်းစွာသိရှိခြင်း” (Know Your Customer – KYC) စစ်ဆေးခြင်း အပါအဝင်ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အစီအစဉ်များလည်းလုပ်ဆောင်သွားမည်ဖြစ်သည်ဟု Pichai က ပြောသည်။

ကိုးကား - ReutersBloomberg

 

ပုံစာ - Thailand Crypto Expo. အတွင်း ခရစ်ပတို တူးဖော်မှု ပြုလုပ်နေစဉ်။ Peerapon Boonyakiat/SOPA Images/LightRocket/Getty Images

 

 

Thailand
Crypto

Share With
bap-logo