bap-logo
Local News

Alternative music အဆိုရှင် ကိုင်ဇာတင်မုံကွယ်လွန်

szGDSNCW36twzA_N_HrOZ-image

လွန်ခဲ့သော ၃ နှစ် က

ဒီဇင်ဘာ ၂၅

 

Alternative Music အဆိုရှင် Antibiotics Band မှ အဆိုတော် ကိုင်ဇာတင်မုံသည် ယနေ့ ခရစ်စမတ်နေ့တွင် နှလုံးရောဂါဖြင့် နေအိမ်မှာပင် ရုတ်တရက် ကွယ်လွန်သွားကြောင်း သိရသည်။

 

ကွယ်လွန်ချိန်တွင် အသက် ၄၂ နှစ် ရှိပြီဖြစ်သည်။

 

အဆိုတော် ကိုင်ဇာတင်မုံသည် Alternative Music ဖြင့် ကိုယ်ပိုင်သံစဥ် သီချင်းများ ရေးဖွဲ့ပြီး ကိုယ်ပိုင်ဟန် ကိုယ်ပိုင်အသံနှင့် ဂီတလောကတွင် နာမည်တစ်ခု ထူထောင်နိုင်သူဖြစ်သည်။

 

၂၀၀၀ ပြည့်နှစ်တွင် Query Query Band ဖြင့် အတ္တငါ တေးစီးရီးပထမဦးဆုံး ထွက်ပေါ်ချိန်တွင် မာနမျက်ရည်၊ အာကာသပြတိုက် သီချင်းများဖြင့် နာမည်ကျော်ခဲ့သည်။

 

ထို့ပြင် သူ၏ သီချင်းများဖြစ်သည့် ဂြိုဟ်သား/လူသား၊ မျက်နှာတို့သည်လည်း ထိုစဉ်ကာလ လူငယ်ထုကြားတွင် ရေပန်းစားခဲ့သည်။

 

ဂီတလုပ်ငန်းအဖြစ် ယခင်က Bagan FM တွင် ပါဝင်လုပ်ကိုင်ခဲ့ပြီး ကွယ်လွန်ချိန် မတိုင်ခင်ထိ ဂိုသဲည်အင်စတီကျုတွင် ဂီတပညာပိုင်းဆိုင်ရာ အလုက်တချို့ကို ပူးပေါင်းလုပ်ကိုင်နေခြင်း ဖြစ်သည်။

 

ဒီဇင်ဘာလ ရက်က ရန်ကုန်မြို့ Goethe- Institute Myanmar တွင် ပြုလုပ်သည့် ဂီတဖျော်ဖြေပွဲ ပါဝင်ခဲ့သေးသည်။

 

၎င်းကွယ်လွန်မှုသည် ဂီတလောကအတွက် နှမျောဖွယ်ဖြစ်ကြောင်း ဂီတအနုပညာအသစ်ကို ရူးသွပ်တပ်မက် ဖန်တီးခံစားတတ်ကြသူ အဝန်းအဝိုင်းက ဆိုကြသည်။

 

Burma associated press

 

 

အနုပညာသမား
မြန်မာ
ကိုင်ဇာတင်မုံ
သေဆုံး

Share With
bap-logo