bap-logo
Politics

၁၀ ရက်အတွင်း ဒီပဲယင်းရှိ အိမ်ခြေ ၁,၆၀၀ ကျော်အား စစ်ကောင်စီ မီးရှို့ဖျက်ဆီး

MIgnTfTMLc1qjDs9x2P3v-image

လွန်ခဲ့သော ၃ နှစ် က

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့ အရှေ့ခြမ်းကျေးရွာ ၁၈ ရွာမှ လူနေအိမ်များကို စစ်ကောင်စီ စစ်တပ်မှ ၁၀ ရက်အတွင်း စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၁,၆၀၀ ကျော် မီးလောင် ပျက်စီးခဲ့ကြောင်းသိရသည်။

 

" ဒေသခံပြည်သူ ၃၅,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူ ၂၀,၀၀၀ ကျော် အိုးမဲ့အိမ် ဖြစ်ခဲ့ရတယ်"ဟု  ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ဆိုသည်။

 

ဒီဇင်ဘာ ရက်မှစ၍ ၁၁ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒီပဲယင်းအရှေ့ခြမ်းရှိ ပျော်ဘွယ်ရွာ၊ ညောင်ကြီးကုန်းရွာ၊ မဲအိုးရွာ၊ လက်ယက်ကုန်းရွာ၊ မူးခတွင်းရွာ၊ ညောင်လှရွာ၊ ကံကုန်း ရွာ၊ သပြေသာရွာ၊ ဝဲကြီးရွာ၊ ရုံးသာရွာ၊ နများရွာ၊ ယဉ်ကျေးရွာ၊ မူးရိုးကုန်းရွာ၊ ဘန့်ဘွေးရွာ၊ အင်ပင်ရွာ၊ ကုန်းတဲရွာ၊ ကုန်းကြီးရွာနှင့် ပေါက်ရင်းရွာများမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

 

အဆိုပါဖြစ်ရပ်များသည် စစ်ကောင်စီ၏ အပြစ်မဲ့ပြည်သူများအပေါ် စားဝတ်နေရေးခက်ခဲစေရန် ရည်ရွယ်ကာ နေအိမ်၊ စပါးကျည်၊ကျွဲ နွားများ၊ လယ်ယာသုံးပစ္စည်းများ၊ ရိက္ခာအသုံးအဆောင်ပစ္စည်း များပါမကျန် အသေအချာ စီမံကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ဆိုသည်။

 

လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းသည် ရေဦး၊ ဒီပဲယင်းနယ်စပ် အောင်သာကျေးရွာနှင့် မုတ်ဆီကျေးရွာကို မီးရှို့ဖျက်ဆီးနေပြီး ၎င်းကျေးရွာအနီးတစ်ဝိုက်တွင် တပ်စွဲထားကြောင်း သိရသည်။

Burma Associated Press

 

ဒီပဲယင်း
မီးရှို့ခံရ
စစ်ကိုင်း
စစ်တပ်
မြန်မာ

Share With
bap-logo