Politics
စစ်ကိုင်းမြို့တွင် လမ်းပေါ်သွားနေသည့် စစ်ကားတစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ပကဖ ထုတ်ပြန်
လွန်ခဲ့သော ၃ နှစ် က
ဇန်နဝါရီ - ၁၈
စစ်ကိုင်းမြို့ရှိ စစ်ကောင်စီအဖွဲ့ လက်အောက်ခံ တပ်မ ၃၃ ၏ စစ်ကားတစ်စီးကို ပြည်သူကာကွယ်ရေး အဖွဲ့ တွေက မနေ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Zero ပျောက်ကြားတပ်ဖွဲ့ (မြင်းခြံ) က ထုတ်ပြန်ထားသည်။
မနေ့က ဇန်နဝါရီလ ၁၇ ရက်နေ့ နေ့ခင်း ၂ နာရီခွဲခန့်တွင် တပ်မ ၃၃ မှအင်အား ၃၀ ခန့်ဖြင့် ထွက်ခွာလာသည့် စစ်ကောင်စီကားတစ်စီးကို နတ်ခရိုင်နှင့် လယ်ကြီးကြားအရောက်တွင်ပဒေသာမိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။
မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီကားမှာ ပျက်စီးသွားပြီး ဆက်လက်မောင်းနှင်နိုင်ခြင်း မရှိတော့ကြောင်း၊ ယင်းနောက် အဆိုပါကားကို ခြေတော်ရာတပ်ထဲသို့ ဆွဲယူသွားရကြောင်း ဆိုထားသည်။
ထို တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဖက်မှ ယာဉ်မောင်း အပါအဝင် ၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း ပကဖများဖက်မှ ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုကို ZEROပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)နှင့်သရဲနီ အဖွဲ့တို့မှ ပူပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုက ပြန်လည်ပစ်ခတ်မှုရှိခဲ့သော်လည်း ပကဖ ရဲဘော်များ အထိအခိုက် မရှိခဲ့ကြောင်း ထုတ်ပြန်ချက်ကဆိုထားသည်။