Data
မြဝတီ ထွေ/အုပ်ရုံး ဒရုန်းဗုံးကြဲခံရမှု ခရိုင်အုပ်ချုပ်ရေးမှူးအပါအဝင် ၅ ဦး သေဆုံး
လွန်ခဲ့သော ၂ နှစ် က
စက်တင်ဘာ ၄။
မြဝတီမြို့ ထွေအုပ်ရုံး ယမန်နေ့က ဗုံးကြဲခံရမှုဖြစ်စဉ်တွင် ခရိုင်အုပ်ချုပ်ရေးမှူးအပါအဝင် ၅ ဦး သေဆုံးခဲ့သည်ဟု စစ်ကောင်စီဘက်က ပေါက်ကြားလာသည့် ကြေးနန်းအရ သိရသည်။
တိုက်ခိုက်ခံရမှုအပြီး မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ထွေအုပ်ဦးစီးနှင့် ထွေ/အုပ်အကြီးတန်း စာရေးတို့က ဒရုန်းဗုံးထိမှန်၍ ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။
ထို့နောက် ဗိုလ်မှူးတစ်ဦးနှင့် ယာဉ်ထိန်းရဲအုပ်တို့က ပြင်းထန်ဒဏ်ရာဖြင့် ဆေးရုံတွင် သေဆုံးခဲ့သည်ဟု သိရသည်။
သေဆုံးသူများအပြင် ဒဏ်ရာရရှိသူ ၁၁ ဦးထက်မနည်းရှိသည်ဟုလည်း အဆိုပါကြေးနန်းတွင် ဖော်ပြထားသည်။
အဆိုပါဒရုန်းဗုံးကြဲတိုက်ခိုက်မှုကို စက်တင်ဘာ ၃ ရက် ၇ နာရီခန့်အချိန်တွင် Federal Wings အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
Burma Associated Press
attacked
SAC Office
Military
Myawaddy
Top News
ထောင်ကိုမကြောက်
လွန်ခဲ့သော တစ်ရက် က
နိုင်ငံခြား ခရီးသွားများကို ခရစ်ပတိုမှ ထိုင်းဘတ်ငွေသို့ ပြောင်းလဲခွင့်ပြုမည်
လွန်ခဲ့သော တစ်ရက် က
မြေရှား သိုလှောင်နေသည့် နိုင်ငံခြားကုမ္ပဏီများကို တရုတ် ဖိနှိပ်ဖြိုခွင်း
လွန်ခဲ့သော ၅ ရက် က
Articles
Share With