Data
၂ လနီးပါးအတွင်း ထိုင်းနိုင်ငံမှာ မြန်မာ ရွေ့ပြောင်းအလုပ်သမား ၄၀၀ ကျော် ဖမ်းဆီးခံရ
လွန်ခဲ့သော ၂ နှစ် က
ဖေဖော်ဝါရီ ၂၁။
BAP သတင်းဌာနက စုစည်းထားတဲ့အချက်အလက်များအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းကနေ ဖေဖော်ဝါရီလ ၁၉ ရက် ထိ နှစ်လနီးပါးအတွင်း ထိုင်းနိုင်ငံမှာ မြန်မာရွေ့ပြောင်းလုပ်သား ၄၀၅ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ကုန်းလမ်း/ရေလမ်းကနေ ထိုင်းနိုင်ငံထဲသို့ တရားမဝင် နယ်စပ်ဖြစ်ကျော်ပြီး ဝင်ရောက် လာကြသူတွေ ဖြစ်ပါတယ်။
အဲဒီထဲမှာ အမျိုးသမီးနဲ့ ကလေးငယ် ၇၀ ကျော်ပါဝင်ပြီး ပွဲစား ၁၆ ဦးလည်း ပါဝင်ပါတယ်။
ဘန်ကောက်မြို့အပါအဝင် ခရိုင် ၁၁ ခုမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ထိုင်း-မလေးရှားနယ်စပ် ဒေသဖြစ်တဲ့ ဆုံခလာ ခရိုင်မှာ ဖမ်းဆီးခံရမှု အများဆုံးဖြစ်ပါတယ်။ အဲဒီခရိုင်တစ်ခုတည်းမှာပဲ ဖမ်းဆီးခံရတဲ့ မြန်မာရွေ့ပြောင်းလုပ်သား ၁၂၀ နီးပါရှိပါတယ်။
ဒုတိယအများဆုံး ဖမ်းဆီးခံရတဲ့ခရိုင်ကတော့ ထိုင်း-မြန်မာ နယ်စပ်ဒေသဖြစ်တဲ့ ပရာချူဝပ်ခီရီခန် ခရိုင်မှာဖြစ်ပြီး အယောက် ၅၀ နီးပါးရှိပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်နှစ်ပတ်အတွင်း ထိုင်းနိုင်ငံမှာ မြန်မာရွေ့ပြောင်းလုပ်သားတွေ ဆက်တိုက် ဖမ်းဆီးခံခဲ့ရပါတယ်။
ထိုင်းနိုင်ငံဖြတ်ပြီး မလေးရှားကိုသွားမယ့်သူ၊အထောက်အထားမရှိဘဲ စက်ရုံတွေမှာ အလုပ်လုပ် နေသူနဲ့ ထိုင်း လူမျိုးတွေပဲ ဝင်ရောက်လုပ်ကိုင်လို့ရတဲ့ လုပ်ငန်းအမျိုးအစားတွေမှာ တရားမဝင် ဝင်ရောက်လုပ်ကိုင်တဲ့သူတွေ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
Burma Associated Press