Data
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ထူးခြားထင်ရှား ကိန်းဂဏန်းများ
လွန်ခဲ့သော ၂ နှစ် က
ဖေဖေါ်ဝါရီ ၁၆
ယခုလ ဖေဖေါ်ဝါရီ ၁ ရက်မှ ၁၆ ရက်အထိ မြန်မာနိုင်ငံအတွင်းဖြစ်ပွားသည့် သတင်းများအနက် ထူးခြားသည့် ကိန်းဂဏန်းများကို အပတ်စဉ် တင်ဆက်ပေးနေသည့်အတိုင်း တင်ဆက်လိုက်ပါသည်။

BAP က စုစည်းထားသည့် ကိန်းဂဏန်းအရ ပြီးခဲ့တဲ့ ၂ ပတ်အတွင်း ထိုင်းနိုင်ငံမှာ မြန်မာရွေ့ပြောင်း လုပ်သား အနည်းဆုံး ၁၄၀ ဖမ်းဆီးခံခဲ့ရသည်။

ပါတီ ၄ ခု
နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေသစ်ကို ဇန်နဝါရီလ ၂၆ ရက်မှာ စစ်ကောင်စီက ပြဌာန်းပြီးနောက် အဆိုပါ ဥပဒေအရပါတီ ၄ ခုမှတ်ပုံတင်ပြီး ဖြစ်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ ဖက်ဒရယ် ဒီမိုကရက်တစ်ပါတီနှင့် ပြည်ထောင်စုဒီမိုကရေစီပါတီတို့ ဖြစ်သည်။

စစ်ကောင်စီ ဗဟိုဘဏ်၏ ရည်ညွန်းနှုန်းအရ နှစ်နှစ်အတွင်း ကျပ်ငွေတန်ဖိုး ၆၀ ရာခိုင်နှုန်းထိ ကျသွားသည်။

စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်အတွင်း စစ်ကောင်စီနှင့် စပ်ဆက်အဖွဲ့များက အရပ်သား နေအိမ်ပေါင်း ၅၅,၄၈၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက်တွင် ပြည်နယ်နှင့်တိုင်း ရှစ်ခုမှ မြို့နယ်ပေါင်း ၃၇ ခုကို စစ်အုပ်ချုပ်ရေး ကြေညာသည်။