Politics
ကုလအထူးကိုယ်စားလှယ် ဂျပန်ရောက်နေစဉ် နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူများနှင့် တွေ့ဆုံ
လွန်ခဲ့သော ၃ နှစ် က
ဧပြီ ၂၃။
ကုလသမဂ္ဂ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Thomas Andrews နှင့် NUG ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးအပါအဝင် နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူများနှင့် ယမန်နေ့က တွေ့ ဆုံခဲ့သည်ဟု သိရသည်။
အထူးကိုယ်စားလှယ်က မြန်မာ့အရေးနှင့်ပတ်သက်၍ ဂျပန်ကို ပိုမိုဖိအားပေးရန် ဂျပန်သို့ ရောက်ရှိနေ ခြင်းဖြစ်ကာ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အပါအဝင် ရုံးအဖွဲ့ဝင်တချို့နှင့် တွေ့ဆုံပြီး အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။
ထို့ပြင် ဂျပန်နိုင်ငံရောက် တိုင်းရင်းသားခေါင်းဆောင်များ၊ အဖွဲ့အစည်းအသီးသီးမှ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူလူငယ်များ၊ မြန်မာ့အရေးထောက်ခံအားပေးသော ဂျပန်လူမျိုးအချို့၏ မေးခွန်းများကို ပြန်လည် ဖြေကြားပေးခဲ့သည်။
မြန်မာ
အာဏာသိမ်း
ကုလသမဂ္ဂ
နွေဦးတော်လှန်ရေး
ဂျပန်
Top News
“သူကဦးတော့ ဓါတ်စက်၊ ကိုယ်ကဦးတော့ တနပ်ချက်” ဆိုသည့် အညာက မြွေဆိုးများ
လွန်ခဲ့သော ၁၃ နာရီ က
အမှောင်ထဲက ထောင်ချောက်များ (Dark Patterns)
လွန်ခဲ့သော ၅ ရက် က
အမေရိကန်နှင့် အစ္စရေးတို့ စနေနေ့တွင် အီရန်နိုင်ငံကို တိုက်ခိုက်မှု စတင်
လွန်ခဲ့သော ၁၁ ရက် က
Articles
Share With