Politics
ကမာရွတ်မီဒီယာ အယ်ဒီတာ ဦးဟံသာညိန်းအား စစ်ကောင်စီမှ ထောင်ဒဏ်ငါးနှစ် ထပ်မံချမှတ်
လွန်ခဲ့သော ၂ နှစ် က
ဒီဇင်ဘာ ၂၆
ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူနှင့် အယ်ဒီတာ ဦးဟံသာညိန်းကို ယနေ့တွင် အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၃ (က) ဖြင့် ထောင်ဒဏ် ငါးနှစ် ထပ်မံချမှတ်လိုက်ကြောင်း မိသားစုထံမှ သိရသည်။
အင်းစိန်အကျဥ်းထောင် အထူးတရားရုံးမှာ မတ်လပိုင်းတွင် ဦးဟံသာညိန်းကို ပုဒ်မ (၅၀၅) ကဖြင့် အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရပြီဖြစ်၍ ယခုပြစ်ဒဏ်နှင့်ပါဆိုလျှင် စုစုပေါင်း ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် မတ်လပိုင်းတွင် စစ်ကောင်စီတပ်များက ကမာရွတ်မီဒီယာ ရုံးခန်းကို ဝင်ရောက်စီးနင်းပြီး ကမာရွတ် မီဒီယာအယ်တီတာချုပ် ဦးနေသန်မောင်နှင့် အယ်ဒီတာ ဦးဟံသာညိန်းတို့အား ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
၂၀၂၂ ခုနှစ်၊ ဇွန်လတွင် အင်းစိန်ထောင်တွင်း ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အယ်ဒီတာချုပ် ဦးနေသန်မောင်အား စစ်ကောင်စီက ပြန်လွှတ်၍ ပြည်နှင်ဒဏ် ပေးခဲ့ပြီး ဦးဟံသာညိန်းအား ဆက်လက် ဖမ်းဆီး၍ ထောင်ဒဏ် ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။