Politics
NUG ဝန်ကြီးများ၊ ဦးကျော်မိုးထွန်းတို့ နယူးယောက်ရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံခဲ့
လွန်ခဲ့သော ၃ နှစ် က
အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုတိယ ဝန်ကြီး ဦးမိုးဇော်ဦးနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ရှိ မြန်မာ မိသားစုများနှင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်တွင် တွေ့ဆုံခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က အမေရိကန်ပြည်ထောင်စုခရီးစဥ်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေး သွားမည် ဟု ဆိုခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်က ယူကေခရီးစဉ်တွင် ယူကေ နိုင်ငံခြားရေးဝန်ကြီး James Cleverlyနှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့သည်။
Burma Associated Press
ဦးကျော်မိုးထွန်း
အမျိုးသားညီညွတ်ရေးအစိုးရ
အမေရိကန်
မြန်မာ
ဦးမိုးဇော်ဦး
ဒေါ်ဇင်မာအောင်
Top News
ဘန်ကောက်မြို့၌ မေလတွင် 'Rainbow Dress' ပြပွဲ ကျင်းပမည်
လွန်ခဲ့သော ၆ ရက် က
နေရာပြောင်းရင် ဆက်ဆံရေးပြောင်းတဲ့ ပြည်သူ့ဆေးရုံပေါ်က ပုဂ္ဂလိကဝန်ထမ်းတွေ
လွန်ခဲ့သော ၂၀ ရက် က
Articles
Share With