bap-logo
Sports

အမုန်းစကားဖြန့်ချိသူလို့ နာမည်ကြီးသူကို ကမ္ဘာ့ဖလားကာလမှာ ဘာသာရေးဆိုင်ရာ ဟောပြောဖို့ ကာတာ ဖိတ်ခေါ်

34LZRPQrBhL1nHhN1OBQI-image

လွန်ခဲ့သော ၂ နှစ် က

 
ကာတာကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိုးမည်းသုတ်နေလေသလား၊ အမည်းစက်ထင်အောင် လုပ် နေလေသလား မေးခွန်းထုတ်ချင်စရာ ဖြစ်လာပါပြီ။
 
အခုလည်း ကမ္ဘာ့ဖလားကာလအတွင်း ဘာသာရေးဆိုင်ရာ ဟောပြောပွဲတွေ လုပ်ပေးဖို့ အစ္စလာမ် နာမည်ကြီးတရားဟောဆရာကို နိုင်ငံဆီ ဖိတ်ကြားခေါ်ယူလိုက်တာကြောင့် ကာတာကို ဝေဖန် ပြစ်တင်တာတွေ ထွက်ပေါ်လာခဲ့ပြန်ပါပြီ။
 
ကာတာဖိတ်ကြားလိုက်တဲ့ တရားဟောဆရာကတော့ ဒေါက်တာ ဇက်ကီယာနိုက်ခ် ဖြစ်ပါတယ်။ ဒီဆရာဟာ အစ္စလာမ်ဘာသာဝင်တွေအကြား နာမည်ကြီးတရားဟောဆရာတစ်ယောက်အဖြစ် ထင် ပေါ်နေသူပါ။
 
ဒေါက်တာ ဇက်ကီယာနိုက်ခ်ဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်ခင်ကတည်းက ဒိုဟာမြို့ကို ရောက်ရှိနေပြီး မလေးရှားနိုင်ငံကနေ ကာတာဆီကို ထွက်ခွာလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပနေတဲ့ကာလအတွင်း ဘာသာရေးဆိုင်ရာ ဆုံးမသွန်သင် မှုတွေကို ဒေါက်တာဇက်ကီယာနိုက်ခ်က ဟောပြောပွဲတွေ ကျင်းပပြီး လုပ်ပေးနေလိမ့်မယ်လို့ သတင်းတွေက ဆိုပါတယ်။
 
အစ္စလာမ်ဘာသာရေးလောကရဲ့အကြီးကျယ်ဆုံး တရား ဟောဆရာ ဒေါက်တာ ဇက်ကီယာနိုက်ခ်ကို ကမ္ဘာ့ဖလားပွဲတော်ကာလအတွင်း ဘာသာရေးဆိုင်ရာဟောပြောပွဲတွေ လုပ်ပေးဖို့ ကာတာက ခေါ်ယူလိုက်တဲ့ကိစ္စကို Qatari စီးပွားရေးလုပ်ငန်းစုပိုင် အယ်လ်ကတ်စ်ရုပ်သံလိုင်းရဲ့ အစီအစဉ် တင်ဆက်သူ ဖိုင်ဆယ်လ် အယ်လ်ဟိုင်ဂျီနဲ့ ဖျော်ဖြေရေးမဂ္ဂဇင်း Screen Mix တို့က သူတို့ရဲ့ လူမှု ကွန်ရက်စာမျက်နှာတွေမှာ ရေးသားအသိပေးထားပြီ ဖြစ်ပါတယ်။
 
ဒေါက်တာ ဇက်ကီယာနိုက်ခ်ဟာ ၂၀၁၉ ခုနှစ်တုန်းက ဟိန္ဒူတွေနဲ့ မလေးတရုတ်တွေကို လူမျိုးရေး ခွဲခြားတဲ့ မှတ်ချက်စကားတွေ ပေးခဲ့ဖူးလို့ မလေးရှားနိုင်ငံထဲမှာ တရားဟောကြားခွင့် ပိတ်ပင်ခံခဲ့ ရဖူးသလို အိန္ဒိယနိုင်ငံမှာလည်း ငွေကြေးခဝါချမှု၊ အမုန်းစကားဖြန့်ချိမှုတွေနဲ့ စွပ်စွဲခံထားရသူ ဖြစ်ပါတယ်။
 
ကမ္ဘာ့ဖလားကာလအတွင်းမှာ ဘာသာရေးဆရာတွေနဲ့ ဘာသာရေးဆိုင်ရာ ဟောပြောပွဲတွေ လုပ် တယ်ဆိုတာမျိုးက အတိတ်ကာလမှာ မရှိခဲ့ဘဲ ကာတာကျင်းပတဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကာလဆီကိုရောက်မှ သတင်းတစ်ပုဒ်အဖြစ် ထွက်ပေါ်လာခဲ့တာပါ။
 
ဒေါက်တာ ဇက်ကီယာနိုက်ခ်ကို ကမ္ဘာ့ဖလားကာလအတွင်း ဘာသာရေးဆိုင်ရာ ဟောပြောပွဲတွေ ကျင်းပဖို့ ခေါ်ယူတာနဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာထက်မှာ အငြင်းအခုံတွေလည်း ဖြစ်ပေါ် နေပြီလို့ သိရပါတယ်။
 

 

ကမ္ဘာ့ဖလား

Share With
bap-logo