Weather
ပဲခူးအပါအဝင် တိုင်းနှင့်ပြည်နယ် ငါးခုတွင် ယခုတစ်ပတ်အတွင်း နောက်တစ်ကြိမ် မိုးသည်းထန်နိုင်
လွန်ခဲ့သော ၃ နှစ် က
ဩဂုတ် ၁၄။
ယခုတစ်ပတ်အတွင်း ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် နောက်တစ်ကြိမ် မိုးသည်းထန်နိုင်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG၏ မိုးလေဝသဌာနက ခန့်မှန်းထားသည်။
မိုးများမှုကြောင့် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်သော ရေကြီးရေလျှံ၊ မြေပြိုဘေးများကို အထူးသတိထား ရန်လည်း အသိပေးထားသည်။
ထူးခြားချက်အနေဖြင့် လာမည့်ရက်သတ္တပတ်တွင် မုတ်သုံလေဖိအားနည်းဆဲလ်တစ်ခု ဆက်လက် ဖြစ်ပေါ်စေပြီး ရေငွေ့များရယူကာ မြန်မာနိုင်ငံပေါ်သို့ မုတ်သုံလေနှင့်အတူ ပေးပို့နေဆဲဖြစ်၍ ကမ်းရိုးတန်းနှင့် ကုန်းတွင်းဒေသတချို့တွင် မိုးဆက်လက်ပိုနေမည်ဟု ဆိုသည်။
ဓာတ်ပုံ-မေတ္တာ သီတာ ရေစင် ပရဟိတ အသင်း
စစ်ကိုင်း
ပဲခူး
ရေကြီး
ကချင်
Top News
ဘန်ကောက်မြို့၌ မေလတွင် 'Rainbow Dress' ပြပွဲ ကျင်းပမည်
လွန်ခဲ့သော ၅ ရက် က
နေရာပြောင်းရင် ဆက်ဆံရေးပြောင်းတဲ့ ပြည်သူ့ဆေးရုံပေါ်က ပုဂ္ဂလိကဝန်ထမ်းတွေ
လွန်ခဲ့သော ၁၉ ရက် က
Articles
Share With