နိဗ္ဗာန်ဘုံမဲ့ ဘဝများ
လွန်ခဲ့သော ၃ နှစ် က
‘ငယ်ငယ်က ကလေးတို့ဘဝဟာ ပျော်ပါးဖို့ရာလွယ်ပါတယ်’လို့ အဆိုတော် စိုင်းထီးဆိုင်က သီဆိုခဲ့တယ်။ ကလေး ဘဝ လွမ်းဆွတ်ကြည်နူးစရာ သောတအာရုံပါပဲ။ တကယ်တမ်း ငယ်ငယ်က ကလေးတို့ ဘဝက ပျော်ပါးဖို့ လွယ်ကူ ခဲ့ရဲ့လား။ တချို့သော ဘဝတွေက ပျော်ရွှင်ဖွယ်ရာ ဟုတ်နိုင်ခဲ့ပေမဲ့ တချို့သော ဘဝတွေကတော့ ထိုရဲ့ ဆန့်ကျင်မှု မှာ ရှိနေခဲ့တာလည်း အသေအချာပါပဲ။
အချို့သော ကာလတွေ အသေအချာမသိပေမဲ့ လက်ရှိ အာဏာသိမ်းမှု ၂ နှစ်တာကာလအတွင်း ၇ ဒသမ ၈ သန်း သော ကလေးတွေကတော့ ဘဝပျော်ရွှင်ဖွယ်ရာဖြစ်တဲ့ စာသင်ခန်းတွေ၊ ကစားကွင်းတွေအစား အန္တရာယ်ရှိသော လုပ်ငန်းခွင်တွေ၊ ပလက်ဖောင်းနဲ့ အမှိုက်ပုံတွေ၊ ကြုံရာကျပန်းနေ့ရက်တွေမှာ ရှင်သန်ဖြတ်သန်းရမှုဆီ ဆိုက်ရောက်ခဲ့တာ ငြင်းမရခြင်းတစ်ခုပါပဲ။
ဒီနေ့ဟာ မြန်မာနိုင်ငံကလေးများနေ့ပါ။ လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့လည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်ယူပေးခဲ့တဲ့ လွတ်လပ်ရေးဟာ ခုထိ စစ်အာဏာရှင်အောက်မှာ ဖိနှိပ်ခံထားရဆဲဖြစ်ပြီး ပျော်ရွှင် ဖွယ်ရာသော ကလေးတို့ ဘဝကလည်း ပျောက်ဆုံးနေခြင်း အကြောင်းတရားပါပဲ။
(မှတ်ချက်။ ဘီအေပီအနေဖြင့် ကလေးငယ်များ၏ အခွင့်အရေးကို အထူးအလေးထားပါသည်။ ပုံများကို ဖော်ပြရာ၌ ၁။ ရည်ရွယ်ချက်အရ ကလေးငယ်များအား နစ်နာစေလိုမှုမရှိခြင်း၊ ၂။ ကာယကံရှင်မိဘများ ကိုယ်တိုင် ခွင့်ပြုထားခြင်းများကြောင့် မူရင်းအတိုင်းဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။ အယ်ဒီတာ)

ထွန်းလင်းမောင်က ဟင်းချက်တော်တဲ့လူ(စားဖိုမှုး) တစ်ယောက်ဖြစ်ချင်တာပါ။ မိသားစုအတွက် ထမင်းချက် ပေးတာမျိုး လုပ်ရင်း အဲလိုဖြစ်ချင်တာလို့ သူကပြောပါတယ်။ သူ့အသက်ကို သူကိုယ်တိုင် မသိပေပါဘူး။ ကျောင်း ပညာရေးကတော့ KG တက်ခဲ့ဖူးတယ်လို့ ပြောပြတယ်။

လက်ရှိမှာတော့ ပူပြင်းတဲ့နေအောက်မှာသူ့အဖေနဲ့အတူ အုတ်လုံးတွေကို ထမ်းသယ်ကူပေးနေရပါတယ်။ သူ့ရဲ့ လုပ်ငန်းခွင် ဝတ်စုံကတော့ တစ်စုံထဲရှိခဲ့ဖူးတဲ့ ကျောင်းဝတ်စုံ အဖြူလေးပါပဲ။ သူပါ ဝိုင်းကူလုပ်မှ သူတို့မိသားစု နှစ်ယောက်စာ ဝင်ငွေရတာပါ။ တစ်နေ့အနည်းဆုံး လုပ်ခလစာ ၄၈၀၀ ကျပ် သတ်မှတ်ထားတဲ့ နိုင်ငံမှာ သူတို့ရဲ့ တစ်နေ့တာဝင်ငွေဟာ နှစ်ယောက်ပေါင်းမှ ကျပ် ၇၀၀၀ ပါ။

စစ်အာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်း ထွန်းလင်းမောင်လိုပဲ ကျောင်းပြင်ပရောက်နေတဲ့ ကလေးငယ် ၇ ဒ သမ ၈ သန်းရှိနေပြီး ဘဝရပ်တည်ရေး မျိုးစုံသော ဖြတ်သန်းမှုတွေ၊ ရုန်းကန်ရမှုတွေနဲ့ ရှင်သန်နေကြရတာ ဖြစ်ပါတယ်။ သူတို့တွေကတော့ စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင်း ပလုံကောက်နေကြတဲ့ ကလေးတွေထဲက ကလေးငယ် တချို့ပါပဲ။

စစ်အာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်း ထွန်းလင်းမောင်လိုပဲ ကျောင်းပြင်ပရောက်နေတဲ့ ကလေးငယ် ၇ ဒ သမ ၈ သန်းရှိနေပြီး ဘဝရပ်တည်ရေး မျိုးစုံသော ဖြတ်သန်းမှုတွေ၊ ရုန်းကန်ရမှုတွေနဲ့ ရှင်သန်နေကြရတာ ဖြစ်ပါတယ်။ သူတို့တွေကတော့ စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင်း ပလုံကောက်နေကြတဲ့ ကလေးတွေထဲက ကလေးငယ် တချို့ပါပဲ။

စစ်အာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်း ထွန်းလင်းမောင်လိုပဲ ကျောင်းပြင်ပရောက်နေတဲ့ ကလေးငယ် ၇ ဒ သမ ၈ သန်းရှိနေပြီး ဘဝရပ်တည်ရေး မျိုးစုံသော ဖြတ်သန်းမှုတွေ၊ ရုန်းကန်ရမှုတွေနဲ့ ရှင်သန်နေကြရတာ ဖြစ်ပါတယ်။ သူတို့တွေကတော့ စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင်း ပလုံကောက်နေကြတဲ့ ကလေးတွေထဲက ကလေးငယ် တချို့ပါပဲ။

သူ့ကိုတော့ အများက ထွန်းထွန်းလို့ ခေါ်ကြတယ်။ သူကတော့ ရန်ကုန်မြို့ရဲ့ လမ်းဆုံ၊ လမ်းခွတွေမှာ မိခင်နဲ့အတူ ပိုက်ဆံလိုက်လံတောင်းရမ်းနေရသူဖြစ်တယ်လို့ သူ့ကိုစာ ရေးတတ်၊ ဖတ်တတ်အောင် စာသင်ပေးနေတဲ့ လူငယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ရန်ကုန်မြို့ရဲ့ လမ်းဆုံလမ်းခွတွေမှာ ပန်းရောင်းနေကြတဲ့ ကလေးတွေ၊ ပလုံကောက်တဲ့ ကလေးတွေ၊ စား သောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေမှာ အလုပ်လုပ်နေတဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေဟာ နေ့စဉ် တိုးပွားလာနေတာဖြစ်ပါတယ်။ တစ်ဖက်မှာတော့ သူတို့ရဲ့ စိတ်ဝင်စားမှုပေါ် မူတည်ပြီး ပညာဒါနအနေနဲ့ အခမဲ့ စာသင်ပေးနေတဲ့ လူငယ်တချို့ ရှိနေတာလည်း အမှောင်ထဲက ဖယောင်းတိုင်ငယ် အလင်းရောင်လေးတွေ ဖြစ်စေတာ အမှန်ပါပဲ။

ကျောင်းပြင်ပရောက် ကလေးတွေကို သူတို့စိတ်ဝင်စားရာအလိုက် ရေးတတ်၊ ဖတ်တတ်အောင် ပညာသင်ပေး နေတဲ့ အခမဲ့ စာသင်ဝိုင်းလေးတွေဟာ ရန်ကုန်မြို့ရဲ့ ညနေခင်းတွေမှာ ရှိနေတတ်ပေမဲ့ စစ်အာဏာရှင်ရဲ့ လက်အောက် လွတ်လပ်ပျော်ရွှင်ဖွယ်သော ပရဟိတအလုပ်အဖြစ်တော့ အပြည့်အဝ ရှိမနေခဲ့ပါဘူး။

ကျောင်းပြင်ပရောက်နေတဲ့အပြင် ပညာဒါနသင်ကြားမှုတွေမှာလည်း မပါဝင်နိုင်ဘဲ မိသားစုစားဝတ်နေရေး အတွက် မနိုင်ဝန်ကို ထမ်းနေရတဲ့ ကလေးငယ်တွေကလည်း ဒုနဲ့ဒေးပါပဲ။ အဲဒီအထဲမှာ မသဲသဲမွန်လည်း ပါဝင်ပါ တယ်။ မသဲသဲမွန်ဟာ မိသားစုစားဝတ်နေရေးအတွက် တစ်ခေါက်ကို အုတ်အလုံး ၅၀ ကို တွန်းလှည်းပေါ် တင်သယ်ရင်း အန္တရာယ်ရှိတဲ့လုပ်ငန်းခွင်မှာ ရုန်းကန်နေရတာဖြစ်ပါတယ်။

'ပညာရေး ဝေးသည်မရှိ’ဆိုတဲ့ ဆောင်ပုဒ်တွေ၊ ပညာဒါနအခမဲ့လိုက်သင်ပေးနေတဲ့ တက်ကြွလူငယ် အဖွဲ့လေးတွေ ရှိနေပေမယ့် ကျောင်းပြင်ပရောက် ကလေးသူငယ်တွေဟာ မြန်မာနိုင်ငံမှာ ၇ ဒသမ ၈ သန်း အထိ ရှိနေဆဲပါပဲ။ ထို့အတူ အာဏာသိမ်းမှု ၂ နှစ်တာအတွင်း အာဏာရှင်ရဲ့ ပယောဂကြောင့် သေဆုံးသွားခဲ့ရတဲ့ ကလေးငယ်တွေရဲ့ ဝိညာဉ်တွေကလည်း နှင်းမြူတွေလို နေရာအနှံ့ အုံ့ဆိုင်းတည်ရှိနေတုန်းပါပဲ။