bap-logo
Politics

ကောလင်းမြို့တွင် CDM ဝန်ထမ်းများ ပြန်လည် တာဝန်ထမ်းဆောင်နိုင်ပြီ

mWrMyt3AtBQyhw1PUtIyg-image

လွန်ခဲ့သော ၂ နှစ် က

 

BAP၊ နိုဝင်ဘာ ၁၈။

 

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့တွင် CDM ဝန်ထမ်းများက NUG၏ အုပ်ချုပ်ရေးယန္တရား တွင် ပြန်လည် တာဝန်ထမ်းဆောင်နိုင်ပြီဖြစ်ကြောင်း အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့က ယနေ့ ထုတ်ပြန်အသိပေးထားသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ ဆောင်ရွက်နေသည့် အုပ်ချုပ်ရေး လုပ်ငန်းစဉ်များ၊ ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများတွင် ကောလင်းခရိုင်၊ မြို့နယ်အတွင်းရှိ ဌာနအသီးသီးမှ CDM ဝန်ထမ်းများ အနေဖြင့် ခရိုင်/မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များထံသို့ ဆက်သွယ် သတင်းပေးပို့ တာဝန်ထမ်း ဆောင်နိုင်ပါကြောင်း အသိပေး အပ်သည်” ဟု ဖော်ပြထားသည်။

 

ကောလင်းမြို့ကို နိုဝင်ဘာ ၆ ရက်က တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ပြီးနောက် ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့သည်ဟု ဆိုသည်။

 

Burma Associated Press

 

NUG
Kawlin
CDM

Share With
bap-logo