Politics
ပစ်ချခံရသည့်လေယာဉ်မှာ K 8 အမျိုးစားတိုက်လေယာဉ်ဖြစ်
လွန်ခဲ့သော ၂ နှစ် က
နိုတင်ဘာ ၁၃။
ကရင်နီတွင် ပစ်ချခံလိုက်ရသည့် စစ်ကောင်စီလေယာဉ်က K 8 အမျိုးစားတိုက်လေယာဉ်ဖြစ်သည်ဟု CDM လေသူရဲ ဗိုလ်ကြီးဇေသူအောင်က ၎င်း၏ လူမှုကွန်ရက်တွင် မျှဝေထားသည်။
“တောင်ငူလေတပ်စခန်းဌာနချုပ်၊ အမှတ်(၄၂)တိုက်ခိုက်ရေးလေယာဉ်အုပ်က K 8 တိုက်လေယာဉ်ပါ။ ဒီလေယာဉ်က၂၀၁၂ KIA၊ ၂၀၁၅ မုံးကိုး၊ ၂၀၁၈ ရခိုင် နဲ့ ၂၀၂၁ ကရင်နီ ဒေသနဲ့လေးကေ့ကော် ဒေသတွေမှာ တိုက်ခိုက်ရေး ဆောင်ရွက်ခဲ့တဲ့ လေယာဉ်ဖြစ်ပါတယ်” ဟု ရေးသားထားသည်။
အဆိုပါ တိုက်လေယာဉ်ကို နိုဝင်ဘာ ၁၁ ရက်က KA၊ KNDF၊ KNPLF၊ DMO PDF၊ Loikaw PDF၊ မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ မြို့ပြပျောက်ကျားတပ်နဲ့ ရှမ်းတောင် PDF တို့ ပူးပေါင်းပါဝင်သည့် ၁၁၁၁ စစ်ဆင်ရေး စတင် သည့်နေ့တွင် ပူးပေါင်းတပ်များက ပွိုင့်ဖိုက်သေနတ်များဖြင့် ပစ်ချခဲ့ခြင်းဖြစ်သည်။
ပုံစာ- ပျက်ကျခဲ့သည့် တိုက်လေယာဉ်အပိုင်းအစများ
Fighter Jet
Karenni
KNDF
PDF
Related Articles
Top News
Articles
Share With