Politics
Media Top 4 သတင်းဌာနတည်ထောင်သူ ဦးသူရိန်ကျော် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ
လွန်ခဲ့သော ၃ နှစ် က
ဒီဇင်ဘာ ၃၀
Media Top 4 သတင်းဌာနတည်ထောင်သူ ဦးသူရိန်ကျော်ကို စစ်ကောင်စီတရားရုံးက ယနေ့တွင် အလုပ်နှင့် ထောင် ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း တရားဥပဒေရေးရာကျွမ်းကျင်သူထံမှ သိရသည်။
ဦးသူရိန်ကျော်သည် ဖမ်းဆီးခံရပြီး ဆယ်လအကြာတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉ (က) ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရခြင်းဖြစ်သည်။
ဦးသူရိန်ကျော်သည် အင်းစိန်မြို့နယ်ရှိ နေအိမ်တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်တွင် အဖမ်းခံရခြင်း ဖြစ်သည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာသမားများကို ပစ်မှတ်ထားဖမ်းဆီးခဲ့ပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
၂၀၂၂ ခုနှစ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံရသူ ၃၁ ဦးရှိခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခံရသူ ၃၂ ဦး ရှိပြီဖြစ်သည်။
Journalist
sentenced
SAC
Top News
အဖမ်းပြနေသော်လည်း ကျားဖြန့်လုပ်ငန်းတွေ BGF ထိန်းချုပ်နေရာတွေမှာ ဆက်လက် လည်ပတ်နေ
လွန်ခဲ့သော ၁၃ နာရီ က
Article 33 ဟာ အနာနဲ့ဆေး တည့်ရဲ့လား
လွန်ခဲ့သော ၆ ရက် က
စောင့်ကြည့်နေတဲ့ မျက်လုံးများ
လွန်ခဲ့သော ၇ ရက် က
Articles
Share With