Politics
တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် ထောင် ၁၅ နှစ် ချမှတ်ခံရ
လွန်ခဲ့သော ၃ နှစ် က
ဒီဇင်ဘာ - ၂၈
မန္တလေးက တရားလွှတ်တော် ရှေ့နေတစ်ဦးဖြစ်သည့် ဒေါ်ရွက်နုအောင်ကို အိုးဘိုထောင်တွင်း တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ကြောင်း တရားရေးအသိုင်းအဝိုင်းက သိရသည်။
ယနေ့ ဒီဇင်ဘာ ၂၈ ရက်တွင် အိုးဘိုထောင်တွင်းတရားရုံးက ဒေါ်ရွက်နုအောင်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ဖြင့် ထောင်ချလိုက်ခြင်း ဖြစ်သည်။
နာမည်ကျော်ဗစ်တိုးရီယားအမှုကို နစ်နာသူကလေးဖက်မှ လိုက်ပါဆောင်ရွက်ပေးခဲ့သည့် ဒေါ်ရွက်နုအောင်က PDF များကို ထောက်ပံ့မီုပြုကြောင်း စွပ်စွဲခံရပြီး တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။
ဒေါ်ရွက်နုအောင်သည် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ NLD ၏ ဗဟိုကော်မတီဝင် တဦးဖြစ်သလို မန်းတိုင်းဝန်ကြီးချူပ်၏ အမှုများအတွက် လိုက်ပါဆောင်ရွက်ပေးသူလည်းဖြစ်ကြောင်း သိရသည်။
Burma Associated Press
lawyer
sentenced
SAC
Top News
Articles
Share With