bap-logo
Politics

ကချင်၊ ရခိုင်နှင့် စစ်ကိုင်းတို့တွင် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက် ဆက်လက် မြင့်တက်နေ

7bC8MP92_VOOwMeL7qBTs-image

လွန်ခဲ့သော ၂ နှစ် က

ဩဂုတ် ၁၀။

 

ကချင်ရခိုင်နှင့် စစ်ကိုင်းတို့တွင် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက် ဆက်လက်မြင့်တက်လျက် ရှိနေသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး- UNOCHA Myanmar က ဆိုသည်။

 

လက်နက်ကိုင်ပဋိပက္ခများနှင့် ဆိုးဝါးသည့် ရာသီဥတုကြောင့် နေရပ်စွန့်ခွာရသူ စဉ်ဆက် မပြတ်ရှိနေသည့်အတွက် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များ မြင့်တက်နေရခြင်း ဖြစ်သည်။

 

ကုလ၏ ယခုနှစ် ဇူလိုင် ၃၁ ရက်အထိစာရင်းအရ မြန်မာနိုင်ငံတွင် ပြည်တွင်းနေရပ် စွန့်ခွာသူဦးရေ ဒသမ သန်းကျော်ရှိလာပြီ ဖြစ်သည်

 

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် သြဂုတ် ရက်ကစပြီး ရွာသား ၅၀၀ ခန့် နေရပ်စွန့်ခွာနေရပြီး စစ်ကိုင်းတိုင်းတွင် ဇူလိုင်လနှောင်းပိုင်းက စတင်ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် လူ ,၀၀၀ ကျော် နေရပ်စွန့်ခွာနေရသည်ဟု ဆိုသည်။

 

ထို့ပြင် ရှမ်းမြောက်ပိုင်းနှင့် တနင်္သာရီတိုင်းတွင် လက်နက်ကြီးနှင့် မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ် တစ်ဦး သေဆုံးပြီး ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သားလေးဦး ဒဏ်ရာရရှိခဲ့သည်

 

မုတ်သုံမိုးကြီးပြီး ဖြစ်ပေါ်လာသည့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် လိုအပ်ချက်များလည်း ပိုမိုများပြားလာလျက်ရှိသည်ဟုလည်း UNOCHA Myanmar က အသိပေးထားသည်။

 

ပုံစာ- စစ်ကိုင်းတိုင်းရှိ စစ်ဘေးရှောင်များ

ဓာတ်ပုံ- လူမှုကွန်ရက်

 

Burma Associated Press

coup
Weather
Kachin
Sagaing
civilian
refugee
humanitarian assistance

Share With
bap-logo