Data
ပလက်ဝခရိုင်မှာ စစ်ရှောင်ဦးရေ သုံးသောင်းကျော် ရှိပြီဖြစ်
လွန်ခဲ့သော ၂ နှစ် က
ဒီဇင်ဘာ ၁၈။
ချင်းပြည်နယ်၊ ပလက်ဝခရိုင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင် ပေါင်း သုံးသောင်းကျော် ရှိနေပြီလို့ ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင် ကောင်စီနဲ့ ချင်းပြည်ကာကွယ်ရေး တပ်ဖွဲ့ -ပလက်ဝတို့ က ဒီနေ့ ပူးတွဲ ထုတ်ပြန်ပါတယ်။
စစ်ရှောင်တွေဟာ နီးစပ်ရာ ကျေးရွာ၊ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်၊ နယ်စပ်ဒေသတွေမှာ တိမ်းရှောင် နေရတယ်ဆိုပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပလက်ဝစစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း၊ အခြေခံ ကျန်းမာရေး ဆေးဝါးပစ္စည်းများ အရေးပေါ်လိုအပ်နေတာကြောင့် ပြည်တွင်း၊ ပြည်ပ NGO၊ INGO အဖွဲ့အစည်းတွေကနေ လူသားချင်း စာနာ ထောက်ထားမှုအရ ကူညီပံ့ပိုးပေးဖို့ကိုလည်း တောင်းဆိုထားကြပါတယ်။
ပုံစာ- ချင်းပြည်ကာကွယ်ရေး တပ်ဖွဲ့ -ပလက်ဝတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်
ဓာတ်ပုံ- ချင်းပြည်ကာကွယ်ရေး တပ်ဖွဲ့ -ပလက်ဝ
civilian
refugee
Chin
Paletwa
Share With